တစ္ဆေတွေနေတဲ့၊ အပိုင်း ၃။


တစ္ဆေတွေနေတဲ့အိမ်၊ အပိုင်း ၃။

"ဟုတ်တယ်ဗျ၊ ကိုအောင်ချစ်က မဖဲဝါကို 
သေသေချာချာ ပင့်ဖိတ်ပြီး ခေါက်ဆွဲကြော် 
ကျွေးတာ၊ ပြီးတော့ ဖဲနိုင်အောင် လုပ်ပေးပါ။
 ထူးထူးခြားခြား နိုင်ရင် နောက်တစ်နေ့မှာ မ
ဖဲဝါကို ဟောဒီနေရာမှာပဲ အမဲသားသုံးပိဿ 
ချက်ကျွေးပါ့မယ် လို့ သေသေချာချာကို က
တိပြုတာဗျ"

"နို့ နေပါဦး တာတေရဲ့၊ အောင်ချစ်ကျွေးတဲ့
ခေါက်ဆွဲကြော်ကို မဖဲဝါက စားလို့လား"

ကိုမောင်ပုက ကျုပ်ကို ထောက်မေးတယ်ဗျ။

"ဟာ စားပါပြီလား ကိုမောင်ပုရာ၊ ကျုပ် သေ
သေချာချာကို ကြည့်နေတာ၊ ခေါက်ဆွဲကြော်
တွေမှ ပြိုက်ကနဲ ပြိုက်ကနဲ ကုန်သွားတာဗျ"

"ဟေ ဟုတ်လား"

အားလုံး အံ့သြကုန်ကြတာဗျို့။ ကျုပ်လည်း 
ဆက်ပြီး ပြောရတော့တာပေါ့လေ။

"နို့ နေပါဦးကွ တာတေရ၊ အဲဒီည အောင်ချစ်
ဖဲရော နိုင်လား"

"ဟာ ကိုမောင်ပုရာ၊ ခင်ဗျားသူငယ်ချင်း ကို
အောင်ချစ် နိုင်လိုက်တာမှဗျာ တစ်ဝိုင်လုံးရှိသ
မျှ တရုတ်တွေရဲ့ ပိုက်ဆံတွေ သူ့ဆီ အကုန်
ရောက်တာဗျို့။ နာရီတွေ၊ လက်စွပ်တွေ အ
ကုန်ရောက်တာဗျာ၊ ရန်ကုန်ကလာတဲ့ တ
ရုတ်တွေဆိုတာ ခါးဝတ်ခါးစားပဲ ကျန်တော့
တာဗ်"

"ဟာ ဒါဆိုရင် မဖဲဝါက အောင်ချစ်ကို တကယ်
ကူညီတာပေါ့ကွ တာတေရ"

"အို …ကူညီလိုက်တာမှဗျာ၊ အဲဒီည အိမ်ပြန်
တော့ ကျုပ်မှာ ကိုအောင်ချစ် နိုင်ထားတဲ့ ငွေ
ထုပ်ကြီးကို ထမ်းလိုက်ရတာဗျာ မပြောပါနဲ့
တော့"

"ဟာ"

ထန်းရည်ဝိုင်းတစ်ခုလုံး စိတ်ဝင်စားနေကြတာ
ဗျို့။ ထန်းရည်တောင် ထပ်မမော့ကြတော့ဘူး

"အေး ဒီတော့ အောင်ချစ်က မဖဲဝါကို အမဲ
သား သုံးပိဿာ ကျွေးရောလားကွ"

ကိုမောင်ပုက သူ့သူငယ်ချင်းအကြောင်းကို
တော်တော်ကို သိချင်နေပုံပဲဗျ။ ကျုပ်က ဒီ
နေရာရောက်တော့ အလိုလို သက်ပြင်းချ
လိုက်မိတယ်။

"အဲဒီမှာ ပြဿနာ စတော့တာပေါ့ဗျာ"

"ဟေ ဘယ်လိုဖြစ်လို့တုံးကွ၊ သူ့ကို ဒီလောက်
သိသိသာသာ လုပ်ပေးထားတာပဲကွာ၊ သူ့က
တိအတိုင်း ကျွေးရတော့မှာပေါ့ကွ"

"ကိုအောင်ချစ်က ကျွေးဖို့တော့ လုပ်တယ်ဗျ။ 
မြို့ကို လူလွှတ်ပြီး အမဲသား ဝယ်ခိုင်းတယ်၊ ဒါ
ပေမဲ့ အမဲသားက ရမလာဘူးဗျ"

"ဟာ"

ကိုမောင်ပုက အံ့သြသွားတယ်ဗျ၊ ကိုအုန်း ဆို
တဲ့ လူက ဝင်ပြောတယ်။

"ဝယ်မရရင်လည်း တောင်းပန်ထားပြီး ရတဲ့နေ့
သွားကျွေးရင် ရမှာပေါ့ကွာ"

"အေးဗျာ ကိုအောင်ချစ်က အဲဒီလို မလုပ်ဘူး
ဗျ၊ ဖဲနိုင်တာဟာ မဖဲဝါ လုပ်ပေးတာ ဟုတ်ချင်
မှ ဟုတ်မှာပါတဲ့ဗျာ သူ့အစွမ်းနဲ့သူနိုင်တာ ဖြစ်
ချင်ဖြစ်မှာပါလို့ ကျုပ်ကို ပြောတယ် ပြီးတော့ 
ကိုအောင်ချစ်က ကျုပ်ကိုတောင် ဆူသေးတာ
ဗျ။ မဖဲဝါကို ဒီလောက်ကြောက်နေရသလား
လို့ပေါ့ဗျာ၊ အဲဒီည ဖဲသွားချတော့ ကိုအောင်
ချစ် ရှုံးလိုက်တာမှ ပက်ပက်စက်စက်ကို ရှုံး
တာဗျို့။ တစ်လှည့်မှကို မနိုင်တာ"

"ဟေ ပထမည နိုင်တာတွေ ကုန်ရောလားကွ"

"ဟာ မကုန်သေးဘူးဗျ၊ ကိုမောင်ပုရဲ့၊ ခင်ဗျား
လူကလည်း လူပါးပဲ၊ အကုန်ပြန်ယူလာတာ
မဟုတ်ဘူးဗျ"

"ဟား …ဟား… ဟား …ဟား…ဟား"

ကျုပ်ပြောလိုက်တာကို သဘောကျပြီး ဝိုင်းရယ်
နေကြတယ်။ ကျုပ်က ဆက်ပြောပြတယ်။

"အဲဒီည မီးလောင်ကုန်းက အပြန်မှာ ကိုအောင်
ချစ် အရက်တော်တော်မူးနေတာဗျ၊ လက်ထဲမှာ
လည်း အရက်ပုလင်းကြီးကိုင်ပြီး လမ်းလျှောက်
သောက်လာတာ။ မီးလောင်ကုန်းသင်္ချိုင်းထဲ
လည်း ရောက်ရော မဖဲဝါကို ဆဲတော့တာပဲဗျာ"

"ဟာ ဆဲတယ်ဟုတ်လား၊ အောင်ချစ် တော်
တော်ကို မှားသွားတာပဲကွာ"

ကိုမောင်ပုက အံ့သြပြီး ပြောတယ်။

"ကျုပ်လည်း သူ့ကို အမျိုးမျိုးပြောပါတယ်ဗျာ၊ ဘယ်လိုပြောလို့မှကို မရတာဗျ၊ လူကလည်း
တော်တော်လေး မူးနေပြီလေဗျာ၊ ကျုပ်ကို
တောင် ဟေ့ကောင် တာတေ၊ မင်းကြောက်ရင်
ရှေ့က သွားနှင့်၊ ဒီကောင်မနဲ့ ငါ ဒီည စားရင်း
ရှင်းမယ်ဆိုပြီး တပ်ဆဲတော့တာပါပဲဗျာ။ ကျုပ်
လည်း စိတ်ပျက်သွားတာနဲ့ သူ့အနားကနေ 
ထွက်လာခဲ့တာ ခြေလှမ်း လေးငါးလှမ်းပဲ လှမ်း
ရပါသေးတယ်ဗျာ။ 'အုန်း အုန်း'ဆိုတဲ့ အသံ
ကြီးကြားလိုက်လို့ နောက်ကို လှည့်ကြည့်လိုက်
တော့ ကိုအောင်ချစ် လက်ထဲက အရက်ပုလင်း
ကြီး လွတ်ကျသွားပြီး ရှေ့ကို ဒူးညွတ်ကျသွား
တယ်။ သူ့နောက်မှာ ဆံပင်ဖားလျားကြီး ချပြီး
မားမားကြီးရပ်နေတာ မဖဲဝါကြီးဗျ။ အရပ်ကြီး
က ဆယ်ပေလောက် ရှိမယ်ထင်တယ် ကို
မောင်ပုရဲ့၊ မျက်လုံးကြီးတွေများဗျာ၊ အကြမ်း
ပန်းကန်လောက် ရှိမယ်ဗျ၊ နီရဲပြီး အရောင်
တွေ တောက်နေတာဗျို့"

"နို့ အောင်ချစ် ဘာဖြစ်သွားတုံး"

ကိုမောင်ပုက ကျုပ်ကို မေးတယ်။

"ဘာဖြစ်ရမှာတုံး ကိုမောင်ပုရယ်၊ သွေးတွေ
အန်တော့တာပေါ့ဗျာ၊ ဝေါကနဲ ဝေါကနဲ နှစ်
ချက်ထိုးအန်ပြီး မှောက်လျားထိုးလဲကျသွား
တော့တာပေါ့ဗျာ။ မဖဲဝါကြီးလည်း ပျောက်
သွားရောဗျို့"

"အို ဖြစ်မှဖြစ်ရလေကွာ"

ကျုပ်စကားဆုံးတော့ ကိုမောင်ပုက တော်တော်
ကို စိတ်မကောင်းဖြစ်သွားတာဗျ။ ထန်းရည်ဝိုင်း
တစ်ခုလုံးငြိမ်သွားပြီး တွေးနေကြတာဗျို့။

"လက်စသတ်တော့ မဖဲဝါဆိုတာ တကယ်ရှိ
တာပါလား"

လို့ ကိုမောင်ပုံ့ ဆိုတဲ့လူက ဝင်ပြောတယ်။

"ဟာ ရှိပါပြီလား မောင်ပုရာ၊ ငါ့အဘပြောဖူး
တယ်ကွ၊ ရွာအနောက်က သင်္ချိုင်းထဲကနေ ဆံ
ပင်ဖားလျားကြီးချပြီး ခေါင်းကြီးတစ်လုံး ထမ်း
သွားတဲ့ မဖဲဝါကြီးကို သူမြင်လိုက်ရတယ်ဆိုပဲ၊
ငါ့အဘက သင်္ချိုင်းဘေးက လှည်းလမ်းအတိုင်း
လှည်းမောင်းလာတာဆိုပဲ၊ နွားတွေဆိုတာ လန့်
ပြီး ပဒပ်ရပ်နေကြတာတဲ့ဟေ့၊ ရှေ့မတိုးတော့
ဘူးတဲ့ဟေ့၊ အဲဒါ အဘက နှင်တံနဲ့ ခပ်နာနာ
ထိုးမှ ဆက်သွားကြတာဆိုပဲ"

အပိုင်း ၄ ဆက်ရန်...

မူရင်း ရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)