မရဏ ဆုံမှတ် အပိုင်း(၁)
မရဏ ဆုံမှတ်
ဓါတ်ဆက်ပြီးတော့ အမြင်ဖွင့်ပေးလိုရတယ်
ဆိုတာကို ဘထစ်ရော၊ ကျုပ်ရော သိသွားကြတာပေါ့ဗျာ။
ဒါပေမဲ့ ဘထစ်က ပြောတယ်ဗျ။
"ဟေ့ကောင် တာတေ၊ ဒါ လူတိုင်းကို လုပ်ပေးလို မရဘူး။
မင်းက နဂိုဓါတ်ခံကောင်းလို ရတာ"
ကျုပ် နားမလည်ဘူးဗျ။ ဘထစ်ပြောတဲ့
နဂိုဓါတ်ခံဆိုတာ ဘာကိုပြောမှန်း ကျုပ် မသိဘူး။
ဒါပေမဲ့ မေးလည်း မမေးတတ်ဘူးဗျ။ဒီအတိုင်းပဲ ငြိမ်နေရတာပေါ့ဗျာ။
ကျုပ် မှတ်မိသေးရောဗျာ။ အဲဒီလက သီတင်းကျွတ်လဗျ။
ကျုပ်တိုတွေ ပထမအစမ်းစာမေးပွဲ ဖြေနေကြတာ။
ပထဝီဖြေတဲ့နေ့ ထင်တယ်ဗျ။ စာမေးပွဲဖြေပြီးလို
အခန်းထဲကနေ ထွက်လာတော့ ဘထစ်က
ကျောင်းဝန်းထဲက မန်ကျည်းပင်အောက်မှာ
ရပ်ပြီး ကျုပ်ကို စောင့်နေတယ်ဗျ။
"တာတေ လာဦးကွ၊ မင်းကို ငါပြောစရာရှိလို "
ကျုပ်က ဘထစ်ဆီကို လျှောက်သွားရင်း
လှမ်းပြောလိုက်တယ်။
"အေး ပြော၊ ဘာတွေ ပေါက်ပေါက်ရှာရှာ
လုပ်ဦးမလိုလဲကွ ဘထစ်ရ"
ဒီကောင် ကျုပ်ပြောတော့ ရယ်တယ်ဗျ။
"ဟာ ဘာမှ ပေါက်ပေါက်ရှာရှာ မလုပ်ပါဘူးကွာ။
ငါ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ရွာပြန်မလိုကွ"
"ဟေ ရွာ ဟုတ်လား ဘထစ်၊ မင်းမှာ ရွာရှိလိုလား "
"ဟေ့ကောင် တာတေ၊ ဘထစ်က တောထဲမှာ
အလေ့ကျပေါက်တဲ့ သစ်ပင်မဟုတ်ဘူးကွ"
" ဟာ ဘထစ်ကလည်း ငါက အဲဒီလို ပြောတာ
မဟုတ်ပါဘူးကွာ၊ မင်းက မင်းငယ်ငယ်ကတည်းက
မိဘတွေ တိမ်ပါးကုန်လို မင်းရဲ့ ဘဘုန်းကြီးက
မွေးစားတာဆို ၊ ဆွေမျိုးသားချင်း ဆိုတာလည်း
မင်းမှာ လုံးဝမရှိဘူးလို မင်းပဲ ငါ့ကို
ပြောခဲ့တာလေ။ ဒါကြောင့် ငါ့က ပြောတာကွ"
"အေး ဟုတ်တယ်၊ မင်းပြောတာ မှန်တယ် တာတေ၊
ငါ အခု သွားမှာက ဘဘုန်းရဲ့ ကျောင်းကို သွားမှာ။
အဲဒီရွာမှာ ငါကြီးလာခဲ့ရတာ။ ဘဘုန်း မရှိပေမဲ့
တစ်ရွာလုံးက ငါ့ကို ခင်ကြတာကွ၊ပြီးတော့
သီတင်းကျွတ်လပြည့်မှာ ရွာဘုရားပွဲရှိတယ်။
လေးကျွန်းမာရ်အောင် ဘုရားပွဲကွ။
အားကြီးစည်တာ၊ ပျော်စရာအားကြီး
ကောင်းတာကွ၊ ဒီအချိန်ဆိုရင် ယင်းချောင်းကြီးက
ရေကျသွားလို သောင်တွေ ပေါ်နေပြီ။
အဲဒီမှာ ကြက်သွန်ခင်းတွေ စိုက်ဖို နေရာတွေ
မှတ်နေကြပြီပေါ့ကွာ"
"ဇာတ်ပွဲတွေရောပါလား ဘထစ်"
"ဟကောင်ရ ပါတာပေါ့ဟ ။ လေးကျွန်းမာရ်အောင်ဘုရား
ပွဲက နယ်နယ်ရရမှ မဟုတ်တာ။ မြိုပေါ်တွေရော
အနီးအနားက ရွာဆယ်ရွာလောက်ကရော လာကြတာကွ"
"ဟာ ဒါဆို တော်တော်ကို ပျော်ဖိုကောင်းမှာပဲနော်"
"အေး အဲဒါ မင်းကို ငါက ခေါ်သွားချင်တာ။
ရွာမှာ နှစ်ညလောက်အိပ်ပြီး ပြန်ခဲ့မှာပေါ့ကွာ၊
ကျောင်းမဖွင့်ခင် မင်းရွာကို ပြန်လို မီပါသေးတယ်ကွာ၊
ဘယ်လိုလဲ လိုက်မလား "
"အင်း အဆင်တော့ ပြေသားကွ၊ အဘရော
အမေပါ ရောက်နေကြတယ်ကွ ၊ ဘကြီးကို
ကန်တော့ဖို လာကြတာ၊ ငါပြောရင် ရမှာပါ"
"ဟာ ဒါဆိုလည်း ပြောကွာ တာတေရာ၊
တို သူငယ်ချင်း နှစ်ယောက် ဘုရားပွဲမှာ
ပျော်ကြတာပေါ့"
ဘထစ်က တော်တော်ဝမ်းသာသွားတဲ့ပုံပဲဗျ။
ကျုပ်အိမ်ပြန်ရောက်တော့ အဘနဲ့ အမေကို
ပြန်ပြောပြရတာပေါ့ဗျာ။ အဘက ကျုပ်ကိုမေးတယ်။
"နို သူ့ရွာက ဘာတဲ့တုံး တာတေရဲ့ "
"ကွေ့ကြီးလို ပြောတယ် အဘ"
ကွမ်းကြီးငုံပြီး နားထောင်နေတဲ့ ဘကြီးက
ခေါင်းကြီးညိတ်ပြီး ဝင်ပြောတယ်ဗျ။
"အင်း အင်း မြောက်ဘက်က ရွာတွေပေါ့ကွာ။
ကညင်ကိုးပင် စင်ကိုးစင်တို၊ ခရေပင်ဇောက်ထိုးတို၊
ကွေ့ကြီးတို၊ စုန်းကွင်းတိုဆိုတာ မြိုမြောက်ဘက်က
ရွာတွေကွ၊ နို သွားရင် မင်းတို ဘယ်လို
သွားရမှာတုံးကွ၊ တာတေရ"
"ဟိုကောင်ဘထစ် ပြောတာတော့ ဒီမြိုကနေ
ဒေါ့ဂျစ်ကားကြီးစီးသွားရင် ဘုရားအိုရွာကို
ရောက်မယ်တဲ့။ အဲဒီကမှ လှည်းခေါ်ပြီး
ဆက်သွားရမှာလို ပြောတယ် ဘကြီးရ"
"အေး ဟုတ်တာပေါ့၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က
ငါ အဲဒီဘက်ကို တစ်ခေါက်ရောက်ဖူးတယ်
အဲဒီဘက်က ရွာတွေလည်း သူ့နေရာနဲ့သူတော့
စည်သားဟ"
ဟုတ်တော့ ဟုတ်တယ်ဗျ။ အဘတို အမေတိုက
ဘယ်မှ သိပ်ရောက်ဖူးကြတာ မဟုတ်ဘူးဗျ။
ရွာနီးချုပ်စပ်ရယ်၊ ဒီမြိုရယ်ပဲ သူတို
သွားလာနေတာ။
"အေး အေး မင်းလိုက်ချင်ရင် လိုက်သွားပေါ့ကွာ၊
ယောက်ျားဆိုတာ သွားတတ် လာတတ်လည်း
ရှိဦးမှကွ၊ ဗဟုသုတလည်းများမှ ကောင်းတာ၊
ကဲ ကဲ မင်း သူငယ်ချင်း ဘယ်သူ"
"ဘထစ်လေ အဘရဲ့ "
"ဟဲ့ နင့်သူငယ်ချင်း နာမည်ကလည်း
အဆန်းပါလား "
လို အမေက ဝင်ပြောတယ်။ ဒီတော့မှ ကျုပ်လည်း
သတိရသွားပြီး …
"ဟာ မဟုတ်ဘူး အမေရဲ့၊ ဒီကောင်နာမည်က ဘထစ်
မဟုတ်ဘူးဗျ၊ ဘချစ်တဲ့။ ဒါပေမဲ့ ဒီကောင်က
စကားပြောရင် အားကြီးထစ်တာဗျ။ ဒါကြောင့်
ကျုပ်တို သူငယ်ချင်းတွေက သူ့ကို ဘထစ်လို
ပြောင်ခေါ်ရာနေ နာမည်တွင်သွားတာ"
အဲဒီညက အဘရယ်၊ အမေရယ်၊ ကျုပ်ရယ်
ဘကြီးကို သီတင်းကျွတ် ကန်တော့ကြတယ်
ပြီးတော့ ဘထစ်နဲ့ လိုက်သွားဖို လမ်းစရိတ်နဲ့
ဘုရားပွဲမှာ သုံးစွဲဖို ပိုက်ဆံပေးတယ်။
ဘကြီးကလည်း ကျုပ်ကို မုန့်ဖိုးပေးသေးတယ်လေ။
စာမေးပွဲပြီးတော့ ကျုပ် ဘထစ်နဲ့ လိုက်ခဲ့တာပေါ့ဗျာ။
ဒေါ့ဂျစ်ကား အစုတ်ကြီးက တစ်လမ်းလုံး
မောင်းလိုက် ရပ်သွားလိုက်၊ နည်းနည်းပါးပါး
ပြင်ပေးလိုက် ပြန်မောင်းလိုက်နဲ့ ဆွမ်းစားချိန်
ရောက်တော့ ဘုရားအိုဆိုတဲ့ ရွာကို ကျုပ်တို
ရောက်ခဲ့ရောဗျို။ အဲဒီက အကြော်တဲကလေးတစ်တဲကို
ဝင်ပြီး ဘထစ်နဲ့ ကျုပ်နဲ့ အကြော်စားတယ်။
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment