♕ ♕ ဝါသနာအစွဲနဲ့ ရွာဟောင်းတောင်ကသရဲ♕ ♕ အပိုင်း(၃)





 တဲနဲ့ တောင်ခြေကား သိပ်မဝေးလှ တောင်ခြေဘေးရောက်တော့ သစ်ခုတ်ဝါးခုတ်သမားမျ ားရှင်းလင်းပြု ပြင်ထားဟန်ဖြင့် ကြည်လင်စိမ်းမြနေသော စမ်းရေအိုင်လေး တစ်ခုအားတွေ့လိုက်ရသည်။

နဘေးတွင်ကား အုန်းမူတ်ခွက် ကိုဝါးလက်ကိုင်တပ်လျက် ရေသောက်ရန် ခွက်အဖြစ် သုံးဟန်တူသော ခွက်လေးတစ်အားတွေ့လိုက်ရသည်။

အောင်မော်လည်း အုန်းမူတ်ခွက် ဖြင့် စမ်းရေတစ်ခွက်ခပ်ရင်း အမောဖြေသောက်လိုက်တော့၏ ။

အေးမြသော စမ်းရေကြောင့် ခရီးပန်းလာသမျ ယူပစ်သလိုပင် ပျောက်ကွယ်သွားသည်ဟု စိတ်ထဲထင်မိသည်။


ထိုနောက် တဲဖက်သို လှည့်ကာ.


"လှအောင်...ရေငတ်ရင်ဒီမှာလာသောက်လို ရတယ် ဒီမှာ စမ်းပေါက်တစ်ခုရှိတယ် မင်းအမောအပန်းပြေရင် ထမင်းချက်ထားအုံး....

ငါတောင် ပေါ် တက်လိုက်အုံးမယ်......”


လှအောင်အား မှာစရာရှိသည်မျ ားလှမ်းမှာပြီး တောင်ခြေတွင်တွေ့ရသော လမ်းဟောင်းလေးမှတဆင့် တောင်ပေါ်သိုတက်လာခဲ့တော့သည်။


မိနစ်နှစ်ဆယ်ခန့် တက်၍ တောင်ထိပ်ပေါ်ရောက်ချိန်ဟိုနေရာသည်နေရာ

လိုက်၍ကြက်တည်ရန်ကောင်းသောနေရာအားလိုက်ရှာနေတော့၏ ။


ကြည်တည်ရန်အတွက်အနည်းငယ် ရှင်းလင်သော သဘာဝမြေကွက်လပ်တစ်ခုလိုအပ်ပါ၏ ။

ဒါမှညွတ်ကွင်း စိုက်ရန် အိမ်ကြက် ထားရန်အဆင်ပြေမည်မဟုတ်လားတမင်တကာ ခုတ်ထွင်၍ကားမဖြစ် တောကြက်သည် အင်မတန်ပါးနပ်ကာ ပုံမှန်မဟုတ်သော ပတ်ဝန်းကျင်အခြေအနေအားချက်ခြင်းရိပ်မိတတ်

ကွ၏။ 


"ချွတ်....ချွ တ်.....ဂျွတ်...."


…ဟင်....


ကြက်တည်မည့်နေရာအားလိုက်ကြည့်နေရင်းမှသူ့နောက်မှ သစ်ရွက်ခြောက်မျ ားကို နင်းကာ လာနေသော ခြေသံနဲ့အတူ သစ်ကိုင်းခြောက်တစ်ချောင်းအားနင်းမိ၍ "ဂျွတ်" ခနဲ သစ်ကိုင်းခြောက် ကြိုး သံကိုပါကြားလိုက်ရတာကြောင့် အောင်မော် နောက်သို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည်တွင် အသားမည်းမည်း ပိန်ပိန်သေးသေး မည်းမည်းတူးတူးအသက်ကရှိလှပါမှ အလွန်ဆုံး သုံးလေးနှစ်ခန့် ခလေးတစ်ယောက်ကိုယ်တုံးလုံးဖြင့် ခြုံနွယ်များအားတိုးဝှေ့ကာ ရိပ်ခနဲ ထွက်ပြေး သွားသည်ကို တွေ့လိုက်ရသောအတွက်ကြောင့် အော်မော် အံ့အြစိတ်ဖြစ်သွားရခြင်းဖြစ်သည်။


"ဒီလိုတောကြီးမျက် မျည်းထဲကို ဘယ်ကခလေးရောက်လာတာလဲ ....”


အံ့အြစိတ် ..နဲ့အတူ သိချင်စိတ်ကို ထိန်းမရတာကြောင့်ထိုခလေးပြေးသွားရာဖက် သိုအောင်မော်အလျင်အမြန်ပင်ပြေးလိုက်လာခဲ့မိတော့၏ ။

သူ့ရှေ့မှပြေးနေသော...ခလေးမှာ

ဲအရွယ်နဲ့ မမျအောင်ပင်အပြေးမြန်လှသည်ဟု အော်မော် ထင်မိ၏ ။

အောက်ခြေ အတန်ငယ်ရှင်းနေသော သစ်ပင်ကြီးမျ ားထူထပ်စွာ ပေါက်ရောက်နေသောနေရာတွင်မို ရှေ့မှမဲမဲ သဲသဲ ကိုယ်တုံးလုံးလေးဖြင့် ပြေးနေသော ခလေးအားတွေ့နေရပြီး

ခလေးတစ်ယောက်အပြေးနူန်းကိုမမှီ

အောင်ပင်သူကနှေးကွေး၍လားခလေးကအပြေး မြန်ခြင်းကြောင့်လားဟုအောင်မော်

တွေးရလောက်အောင်ပင်ရှေ့မှ ပြေးနေသောခလေးကအပြေးမြန်လှ၏ ။

နောက်ကျောဖက်မှမြင်နေရသောထိုခလေးမှတနေ

ရာအရောက်တွင်

ပြေးနေခြင်းကိုရပ်လိုက်သည်ကိုအောင်မော်တွေ့လိုက်ရသည်။


ခလေးရပ်လိုက်ချိန် အောင်မော်ကမန်းကတမ်းထိုခလေးရပ်နေသော နေရာဆီပြေးသွားလိုက်၏ ။


 ထိုခလေးသည်ရှေ့ဆက်ပြေးစရာနေရာမရှိသော ချောက်စောင်းထိပ်တွင်ရပ်နေခြင်းပင်ဖြစ်သည်။


အချိန်သည်လည်း ကုန်မှန်းမသိ ကုန်လွန်ကာ ညနေ ငါးနာရီခန့်ပင် ရှိတော့မည်လည်းဖြစ်၏။

ရှေ့မှခလေးနောက်သိုစိတ်ဝင်တစားလိုက်လာသည်မိုအချိန်ကုန်သွားသည်ကိုပင် အောင်မော်

သတိမထားမိပေ။ ထိုခလေးဘယ်သူလဲ၊ ဘယ်ကလဲဆိုတာကို သူအထူးသိချင်စိတ်ဖြစ်

နေမိသောကြောင့်ဖြစ်၏ ။

နောက်တခုက ထိုခလေးမှာအောင်မော်ကို

အားကျောပေးလျက်မိုယခုထိမျက်နှာအားမတွေ့

ရသေးပဲရှိနေ၏ ။


"ဟေ့...ခလေး...မင်းဒီမှာ ဘာလုပ်....

ဟာ...ဟေ့...ဟေ့...”


အောင်မော်က ထိုခလေးအားလှမ်းမေးရုံရှိသေး ထိုခလေးသည် သူ့ဘေးမှ လူကြီးတဖက်စာမျပင်မကပင်စည်ရှိပြီး၊

 မြင့်မားလှသော "သစ်ဆိမ့်" ပင်ကြီးကိုမျောက်တစ်ကောင်အလားတွယ်ကပ်လျက် တက်သွားတာကြောင့် စိုးရိမ်စိတ်ဖြင့် တဟေ့ ဟေ့ အော်နေမိခြင်းပင်ဖြစ်၏ ။


အော်မော်သစ်ပင်အောက်ရောက်ချိန်ထိုခလေးသစ်ပင်ပေါ်ရောက်နေသည်မှာတဝက်ခန့်ပင်ရှိပြီဖြစ်၏။


"ဟေ့ခလေး...ပြုတ်ကျတော့မှာပဲ...ဘာလိုအပင်ပေါ်တက်နေတာလဲ ဆင်း…ဆင်း …ပြုတ်ကျလိမ့်မယ်.....”


အောင်မော်တစ်ယောက်လူသူမနီးတောနက်ထဲမှပုံမှန်မဟုတ်သောအခြေအနေအားခုထိမရိပ်စားမိသေးခလေးအားစိုးရိမ်စိတ်ဖြင့်အောက်မှလှမ်းကြည့်၍ အော်ဟစ်နေခြင်းပင်ဖြစ်၏ ။


…ဟာ.......


အောင်မော်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံးကြက်သီးမွေး 

ညှင်းမျ ားထကာသူ့ ခေါင်းသည် ပုတ်လုံးခန့်ကြီးသွားသည်ဟုထင်လိုက်မိတော့၏။


မမျော်လင့်သောအရာကိုရုတ်တရက်တွေ့လိုက်ရသောကြောင့်..အံ့အြစိတ်အရင်ဖြစ်ပေါ် ပြီး ထိုအံ့အြစိတ်မှတတဆင့် ကြောက်စိတ်သို ကူးပြောင်းကာနေရာတွင်ပင်ကြက်သေသေကာအပေါ်သိုမော်ကြည့်ရက်သားရပ်နေမိတော့၏ ။


အကြောင်းမှာ.......

အပင်ပေါ်တက်နေသော ခလေးသည် အောင်မော်လှမ်းအော်သော်အချိန်တွင်ရပ်လိုက်ခြင်းဖြစ်ပြီး အပင်ကိုဖက်ကာရပ်တန့်နေသောအနေအထားမှထိုခလေးခေါင်းမှာ ဇက်ကိုအရုပ်ကဲ့သိုဇက်ကို

လိမ်လိုက်ရာ မျက်နှာကနောက်ရောက်ကာ အောင်မော်အားငုံကြည့်လာသောကြောင့်ပင်ဖြစ်၏။

ထိုခလေးကားအောင်မော်ထင်သလိုလူ

တစ်ယောက်မဟုတ်ပေ...။


အပိုင်း(၄)ဆက်ရန်....

Credit to Original Uploader

Comments

Popular posts from this blog

ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၂)

ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၃) ဇာတ်သိမ်းပိုင်း

စုန်းထီး အပိုင်း(၁)