ရိုးမသစ်လုပ်ကွက်မှထူးဆန်းသော အကြောင်းအရာများ/ အပိုင်း(၁)

 


ရိုးမသစ်လုပ်ကွက်မှထူးဆန်းသော
အကြောင်းအရာများ
============================

     ရိုးမတောမှန်သမျသည်ရှေးယခင်ကသစ်ပင်ကြီးများဖြင့်နေပျောက်မထိုး
နိူင်အောင်ရှိခဲ့ဖူးသည် ။

     သားရဲတိရိစ္ဆာန်ကြီးများမှာလည်းရိုး
မတောကိုအမှီပြု၍ ကျင်လည်ကျက်စားကြသည်ဆိုသော်လည်း ယခု
လက်ရှိမျက်မှောက်ခေတ်တွင် လူသား
တို၏ လောဘဇောဖြင့်မဆင်မခြင်သစ်
ခုတ်နေမူတိုကြောင့်သစ်တောကြီးများ
ပေါက်ရောက်သော တောင်တန်းကြီး
များမှာ သစ်ငုတ်တိုထိုးထိုးထောင်ထောင်ဖြင့်တောင်ကတုံး
ကြီးများဘဝရောက်နေခဲ့ကြပြီဖြစ်သည် ။

    ရခိုင်ရိုးမမှာ ရှေးယခင်က တောင်ကုန်းတောင်တန်းမြင့်မားခြင်း၊
သစ်ပင်တောအုပ်များထူထပ်ခြင်းတိုကြောင့်လူသူအရောက်အပေါက်မရှိသည့်နေရာများအလွန်များပြားခဲ့သည် ။

    ဒုတိယကမ္ဘာစစ်ဖြစ်စဥ်အချိန်က အဂ်လိပ်တပ်စိတ်တစ်ခုလုံး ရခိုင်ရိုးမအတွင်း အစအနရှာမရအောင်ပျောက်
ဆုံးခဲ့ဖူးသည် ။

တောတိရိစ္ဆာန်များနဲ့ကြုံတွေ့ခဲ့ရသော
ကြောင့်လား။
ရန်သူနဲ့တွေ့ခဲ့ရသောကြောင့်လားမဆိုနိူင် အဂ်လိပ်တပ်စိတ်တစ်ခုလုံးသည် 
အစရှာမရပျောက်ဆုံးသွားသည် ။

   ထိုထူးဆန်းစွာပျောက်ဆုံးမူကနောင်တွင် ကမ္ဘာကျော်ပျောက်ဆုံးမူများစာ
ရင်းဝင်သွားခဲ့ဖူးသည် ။

    ယခုရခိုင်ရိုးမသည်ကား အဆင်ခြင်မဲ့သစ်ထုတ်ယူမူများကြောင့် သစ်တော
များကုန်သလောက်နီးပါးရှိပြီဖြစ်ကာ
 (2019)ခုနှစ်လောက်ကဖောက်သော
ရိုးမတောတွင်းသစ်ထုတ်လုပ်ရေးစခန်း
 ပဲခူးရိုးမနဲ့ ဆက်စပ်သော ဥသျှစ်ပင် အထိပင်ရောက်ရှိသွားပြီဖြစ်ပါသည် ။

    သစ်လုပ်ကွက်တစ်ခုသစ်ထုတ်လုပ်မည်ဆိုပါက အလုပ်သမားလူအင်အား
မြောက်မြားစွာလိုအပ်လာသည် ။

       ပထမဦးစွာ သစ်ပင်များကို ခုတ်လှဲရန် ချိန်း (saw) လွှစက်သမားများလိုအပ်လာသည် ။ 

     ထိုသူများက တောတွင်းနေရာပေါင်းစုံတွင်သစ်ပင်များခုတ်လှဲ၍ အရွယ်တော်သစ်တောကြီးများတစ်ခါတည်း
ခွဲစိတ်ထားခဲ့သည် ။

    ထိုခွဲထားသောသစ်များကို ကျွဲ၊နွားများဖြင့် သတ်မှတ်ထားသောသစ်စခန်း
သိုဆွဲယူပေးရသည် ။

  စုပုံထားသောသစ်များကို လမ်းမကြီးပေါ်သယ်ထုတ်ရန်သစ်စခန်းမှတဆင့်
ကားလမ်းပေါ်သယ်ထုတ်ရန် ယာယီကားလမ်းဖောက်လုပ်ရန်လိုအပ်သည် ။

   ယာယီကားလမ်းများရသောအခါ ၊
သစ်တင်ကားသမားများက သစ်ကိုတင်
၍ရိုးမကားလမ်းမကြီးပေါ် မောင်းသွား
ရသည် ။

   ကားပေါ်တွင် သစ်အတင်၊အချပြုလုပ်ရန် သစ်တင်အလုပ်သမားများ
စွာလိုအပ်လာပြန်သည်။

      အောင်နိူင်မှာ အသက်ဆယ့်ရှစ်ကျော်စလူငယ်တစ်ယောက်ဖြစ်သော်လည်း လူကြီးများနီးတူအလုပ်ကြမ်းလုပ်နိူင်သူတစ်ယောက်ဖြစ်သည် ။

   ငယ်စဥ်က မိဘဆင်းရဲသောကြောင့်
ပညာကိုသေစာရှင်စာလောက်သာသင်
ယူခဲ့ရသူဖြစ်သည်။

     မိဘများနဲ့အတူ လယ်ထဲကိုင်းထဲနွား
နဲ့ဖက်ရုန်း၍ လူပျိုအရွယ်ရောက်လာ
ခြင်းဖြစ်သည် ။

     အရပ်မနိမ့်မမြင့် ကိုယ်ခန္ဓာက အားကစားလုပ်ထားသူလို အချိုးအစား
ကျကာကျစ်လစ်သော ခန္ဓာကိုယ်ဖြင့်
အောင်နိူင်မှာ အလုပ်ကြမ်းမှန်သမျ 
မမောမပန်းလုပ်နိူင်သူ၊ ခံနိူင်ရည်ရှိသူ
တစ်ယောက်ဖြစ်သည် ။

       အောင်နိူင်မှာတစ်ခြားသော သစ်ကွက်လုပ်သားများနဲ့ အတူသစ်စခန်း
သိုရောက်နေသည် ။

      သူတိုအဖွဲမှာ တောတွင်းမှဆွဲယူထားသော သစ်များကို လမ်းပေါ်
သယ်ထုတ်မည့်ကားပေါ် သစ်တင်ပေးရသောအဖွဲဖြစ်သည် ။

       သူတိုအလုပ်က ကားသုံးလေးစီးပေါ်သို သစ်များတောက်လျှောက်တင်
ပေးရသောအလုပ်ဖြစ်သည် ။

      သစ်တစ်တန်ကိုမည်ရွေ့မည်မျစျေး
သတ်မှတ်၍ တင်ခြင်းဖြစ်ကာ ၊ ပင်ပန်းသည်မှန်သော်လည်းတွက်ခြေကိုက်သောအလုပ်ဖြစ်သည် ။

      တစ်နေ့ ကားသုံးစီးပုံမှန်တင်ပေးရပြီးအကယ်၍ ကားများတစ်နေ့နှစ်ခေါက်ဆွဲသောနေ့ဆိုပါက ပို၍တွက်ခြေကိုက်လှသည် ။

       သစ်ဝါးများပေါ်သောကြောင့်
ကိုယ်အဖွဲနဲ့ကိုယ် ဟိုနေရာ၊ ဒီနေရာ ဝါးတဲလေးများထိုး၍နေကြကာ ကိုယ်စီသက်ဆိုင်ရာတာဝန်များကို လုပ်ကိုင်ရင်းရှိနေကြသည် ။

     ရိုးမတောအလယ်တွင်နေရသော်လည်း အရက်ဘီယာများရောင်းချသောတဲကလည်းရှိရာ ညနေခင်းအလုပ်သိမ်းချိန်များတွင်
သောက်စားတတ်ကြသည် ။

     တစ်ချိုဆိုလျှင်လုပ်ငန်းခွင်အတွင်း
ပင်သောက်တတ်ကြသည်။

    တောနက်အတွင်းပါးစပ်စည်းမစောင့်ပဲ ပြောချင်ရာပြောမိကြသောအခါ 
   ကြောက်လန့်၊သွေးပျက်စရာများလည်းကြုံကြရပါတော့သည် ။

      ဦးစိုးနိူင်ဆိုသော သစ်စခန်းတွင်ထမင်းချက်သော အသက်ခြောက်ဆယ်အရွယ်အဘိုးကြီးမှာ အောင်နိူင်အပေါ် တူလို၊သားလိုချစ်သောကြောင့်
ရိုးမတောအတွင်းအရက်မသောက်ရန်၊
အကယ်၍သောက်လိုပါက ရပ်ရွာတွင်
သောက်ရန်အထူးသတိပေးမှာကြားရင်
အောင်နိူင်တိုမရောက်မှီသစ်စခန်းတွင်
ဖြစ်ပျက်ခဲ့သောအကြောင်းအရာတစ်ခုကို ပြောပြ၍ဆုံးမစကားပြောလာသည်။

     မိုးအောင်နဲ့စောမောင်မှာသစ်စခန်း
သိုစောရောက်လာကြသော ချိန်းဟုအရပ်စကားခေါ်သော (saw)လွှဆရာများဖြစ်ကြသည် ။

     ရာသီဥတုမှာလည်း မိုးအကုန်ဆောင်းအကူးမိုနေ့လည်ပိုင်းအချိန်ဖြစ်
သော်လည်းရိုးမအတွင်းအေးစိမ့်စိမ့်ဖြင့်ရှိနေပါသည် ။

     ချိန်းစက်ထိုးသံများသည်ရိုးမတော
သစ်လုပ်ကွက်အတွင်း ဆူညံ့စွာထွက်ပေါ်လျှက်ရှိသည် ။

     လူနှစ်ယောက်ဖက်မကသောအပင်
ကြီးများမှာ စက်ဖြင့် သုံးလေးနာရီပိုင်း
ဖြတ်သောအခါ ဝေါဝေါ တဝုန်းဝုန်းလဲ
ပြိုလျှက်ရှိနေသည် ။


အပိုင်း(၂)ဆက်ရန်....

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်...






Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)