ဝမ်းတွင်းစုန်းနှင့် မြို့ကြီးကျိန်စာ၊ အပိုင်း(၂)ဇာတ်သိမ်းပိုင်း



နှစ်ကုန်လက်ထပ်ပြီး ကျောင်းနားခပ်နီးနီးမှာ မြေကွက်ကလေး၀ယ် အတူတကွ နေထိုင်လာကြရင်း ဆရာလေးကျောင်းပြောင်းလာ

တာ ၅နှစ်ပြည့်တဲ့အချိန် မင်္ဂလာ သက် ၂နှစ်ခွဲအချိန်မှာပဲ ဆရာလေးရော ဆရာမလေးပါ အလယ်တန်းပြရာထူး

နဲ့ မန္တလေး စစ်ကိုင်းကျောင်းတွေကိုပြောင်းကြရပါတော့တယ်။ အဲ့ဒီမှာတင်ပဲ စတင်ပြောင်းကြဖို့ ၂ရက်အလို

မှာ ဆရာမလေး အပြင်းဖျားပါတော့တယ်။ ဒါနဲ့မပြောင်းဖြစ်ကြသေးပဲ ၄ရက်လောက်နေတော့ သက်သာလာ

တာပေါ့။ နောက်တစ်ခါပြောင်းဖို့လုပ်တော့ ဆရာလေးသံစူးလို့ ငန်း၀င်ပြီး အနာကြီးက နေ့တစ်၀က်နဲ့ရင်းလာပါတယ်

။ ဒီလိုနဲ့မပြောင်းဖြစ်ကြောင်း ဖုန်းလှမ်းဆက်တော့ ဆရာလေးအိမ်ကသိပြီး ဆရာလေးအဖေဖြစ်သူဟာ

လိုက်လာရတော့တာပါပဲ
•••••••••••••••••••••••••••••••••

§ ငါ့သားအိမ်ကကွယ် မှောင်လိုက်တာဆိုတာ ကဲငါ့သား ပြစမ်းမင်းအနာ §

အဖေဟာအနာကိုကြည့်ပြီး လက်ကလေးနဲ့သပ်ချယုံပဲရှိပါသေးတယ်။

§ အားးးးးးးးးးးး နာလိုက်တာအဖေရဲ့ ဖြေးဖြေးလုပ်ပါ သားကိုသတ်နေတာလား အား §

§ အင်း ငါ့သား ငါမကယ်ရင် မင်းသေတော့မှာကွ ကဲကဲ သားထစမ်း အိမ်ပြင်ထွက် ဘုရားကိုဦးချ §

ဆရာကြီးဦးကျော်လှက တွဲထူပြီး ဘုရားစင်ရှေ့ကိုပို့ပေးပါတယ်။

§ ကဲသား အနန္တငါးပါးကိုဦးထိပ်ထား မျက်စိကိုမှိတ် သရဏဂုံသုံးပါးကိုရွတ်စမ်း သုံးခေါက် §

ရွတ်ပြီးတော့ ဆရာလေးကို သူ့ရှေ့မှာ တင်ပလေခွေပြီးထိုင်ခိုင်းပါတယ် ။ ပြီးမှဆရာလေးနဖူးကိုကိုင်ပြီး

§ ကဲ ငါ့သားကိုတိုက်ထားတဲ့ အတိုက်အခိုက်တွေ အခုလာစမ်း အခုလာစမ်း ငါဆရာအမိန့် လာခဲ့ကြ

စမ်း ကဲ့နင်တို့ထဲက အကြီးဆုံးတစ်ယောက် ငါ့ကိုပြော ကျန်တဲ့သူ တစ်ခွန်းမှမဟနဲ့ §

§ ဟားဟားဟားဟား နင်ကဘာအဆင့်မို့ ငါတို့ကိုလှမ်းခေါ်ရတာလဲ ငါတို့ကငါတို့သစ္စာအတိုင်လု

ပ်တာ နင့်ဘာသာဘာကောင်ဖြစ်ဖြစ် ရမယ်မထင်နဲ့ဟေ့ ဒါရွာစဉ်ရှိတဲ့ စုန်း၇ယောက်လုံးရဲ့ အတိုက်ပဲ နင်ဘာ

နဲ့ဖြေမှာလဲ နင့်သားဒီနယ်က မခွာဘူးဆို ဘာမှမဖြစ်စေရဘူးဟေ့ သစ္စာပေးတယ်။ §

ဆရာလေးဟာ မျက်လုံးပြူးကြီးနဲ့ သူ့အဖေကိုကြည့်ပြီး မိန်းမသံနဲ့ပြောပါတယ်။

§ ဒီအိမ်တံစက်မြိတ်ကို ငါစည်းအဖြစ်တားတယ်ဟဲ့ နင်တို့၇ယောက်လုံး မထွက်ကြနဲ့ ကဲ ငါဆရာကို

အာခံတဲ့စုန်းမတွေ သိကြယောပေါ့ §

§ နင့်သားက ငါတို့နယ်ထဲခြေကျူးလာပြီး ဒို့နယ်သူကိုယူတာလေ နင့်သားအရင်ကျော်တာဟဲ့ ငါတို့ကငါတို့ပညာ

ယူစဉ်က ပေးခဲ့တဲ့ သစ္စာအတိုင်းလုပ်တာနင်ငါ့တို့ကို ဘာလ်ုပမလို့လဲ§

ဆရာလေးအဖေရဲ့ ပါးစပ်စည်းတားမှုမှာပြင်းထန်းမှန်း သိလိုက်ရ၍ လေသံအနည်းငယ်ပျော့ပြောင်းသွားရလေသည်။

§ ငါနင်တို့ကို မေတ္တာရပ်ခံတယ် ဒီအတိုက်တွေပြန်ယူသွား နောင်လည်းမလုပ်နဲ့ ဒီပညာတွေကိုလ

ည်း ဆက်မတက်နဲ့တော့ ဖြစ်နိုင်မယ်ဆို ငါ့ဆီလှူခဲ့ကြပါ §

§ အိမ်မက်မက်မနေနဲ့ ငါတို့စုန်းအဖြစ် တံစက်ပြန်ရေသောက်တည်းက တစ်ခါတည်းသစ္စာရေသောက်ခဲ့ကြရတ

ယ်။ ဒီမြို့သူမြို့သားကိုယူပြီး ဒိမြို့ကခွာဖို့ကြံတဲ့သူကို သေဒဏ်စီရင်ပါ့မယ်လို့ §

§ ကဲအဲ့ဒီတော့ ပြန်မထုတ်နိုင်ဘူးပေါ့။ ရတယ်လေ မေတ္တာနဲ့မရတော့လည်း တန်ပြန်ပေါ့ ကဲကြိုးပွငတွေ တ

စ်ယောက်မှမလှုပ်နိုင်အောင် တုပ်ထားစမ်း §

ဒီလိုပြောလိုက်တယ်ဆိုရင်ပဲ ဆရာလေးဟာ လက်နောက်ပြန်ကြိုးတုပ်သလို နောက်မှာ လက်ကောက်၀တ်ချင်း

ပူပြီး လှုပ်လို့မရတော့ပါဘူး။

§ ကဲ ငါ့လက်နဲ့မစီရင်သေးဘူး လှံပိုင်တွေ ထိုးကြစမ်း ထိုး မညှာနဲ့ အကုန်လုံးကိုထိုး §

§ အားးးးးးးးးးးး အူးးးးးးးးးးး နာတယျ မထိုးကွပါနဲ့ အား §

အော်နေတာ ဆရာလေးတစ်ယောက်တည်းပါ အသံတွေကတော့ ၇ယောက်လောက်ပြိုင်အော်နေသလို ထွက်နေပါတယ်။

§ ကဲနင် ငါ့သားနဲ့သမီးဆီက အတိုက်တွေနြပ်ထုတ်မလား ဆက်ထိုးရမလားပြော §

§ ထုတ် ထုတ်ပါ့မယ် မမမ မထိုးကြပါနဲ့ ဒါပေမယ့် ကျုပ်တို့ဟာ သစ္စာစူးရင် ရူးရပါစေသားလို့ သစ

္စာဆိုထားတဲ့အတွက် အရူးဘ၀မှာ မနေလိုကြပါဘူး ကျုပ်တို့၆ယောက် ပညာတွေပါ တစ်ခါတည်းလှူခဲ့

ပါ့မယ်။ §

§ ဟဲ့ ၇ယောက်မဟုတ်ဘူးလား §

§ တစ်ယောက်က ကျုပ်တို့နဲ့မဆိုင်ဘူးတော့ သူက၀မ်းတွင်းစုန်း သူကသစ္စာဆိုထားတာမဟုတ်တော့ သူ့ကိုေ

တာ့အာမမခံဘူး §

§ ကဲကောင်းပြီ အရင်ဆုံး အတိုက်တွေထုတ်လိုက်ပါ §

ဆရာလေးပျို့တက်လာပြီး အန်ချလိုက်တော့ ကျောက်စရစ်ခဲသေးသေးလေးတွေ လက်တစ်စုပ်စာလောက် ထွက်လာပါ

တယ်။ ပြီးတော့မှ

§ ကုန်ပြီလား §

§ ဟုတ်ကဲ့ ကုန်ပါပြီ §

§ ဒါဆိုပညာတွေလှုတော့ §

§ တစ်ယောက်ချင်းပဲရမှာပါ §

§ ကောင်းပြီတစ်ယောက်ချင်းပဲ လှူခဲ့တော့ §

ဆရာလေးလည်း ထပ်အန်ပါတယ် တစ်ယောက်၀င်လာပြီးအန်လိုက် လဲကျသွားလိကု နောက်တစ်ယောက်

၀င်လာလိုက်နဲ့ ကျောက်ခဲ ကလေးလက်သီးဆုပ်လောက် တစ်ယောက်ကို ၃လုံးစီ အန်ုထုတ်ကြပါတယ် ပြီးတော့မှ

ခုဏပြောနေတဲ့သူပြန်၀င်လာကာ

§ ကျုပ်တို့က စုန်းဘ၀ခံယူထားသ၍ ဘုရားဦးချလို့မရပါဘူး ဒါပေမယ့် အခုပညာတွေချေဖျက်လိုက်ကြပြီ

ဆိုတော့ ဆရာကပဲ သရဏဂုံတည်ပေးပါ ကျုပ်တို့ဟာ ပညာကုန်ရင် သက်တမ်းပါ ကုန်တာမို့လို့ မသေခ

င် သရဏဂုံလေး ပြန်တည်သွားပါရစေ §

§ ကဲ ဒါဖြင့်ဘုရားကန်တော့ ပြီးရင်လိုက်ဆို

နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဓုဒ္ဒဿ

သုံးခါဆို

ကဲပြီးရင်
ဗုဒ်ဓံသရဏံ ဂစ်စာမိ
ဓမ်မံသရဏံ ဂစ်စာမိ
သံဃံသရဏံ ဂစ်စာမိ

ဒုတိယပိၼ........

တတိယပၼိ......

ကဲ ဦးချပြီး ပြန်နိုင်ပြီ ငါ့စည်းကိုငါပြန်ရုတ်တယ် ကြိုးပိုင်လှံပိုင်များ လမ်းဖယ်ပါ။
ဆရာလေးလည်း သူ့အဖေကို ဦးသုံးကြိမ်ချပြီး ပစ်လဲကျသွားပါတယ်။ ပြန်သတိရလာတော့ သူ့ရဲ့ငန်းဖမ်းနေတဲ့ သံစူးနာကြီးဟာ ခုန်ပေါက်လို့ရအောင်ကို မနာတော့ပဲ သက်သာသွားပါတယ်။
ဆရာလေးအဖေဟာ ချက်ချင်းဆိုသလို အထုပ်တွေပြင်ခိုင်းပြီး ဆရာလေးတို့ကိုပါ တစ်ပါတည်းခေါ်ဆော

င်သွားပါပြီ။ ဆရာကြီးဦးကျော်လှခင်ဗျာတော့ မျက်ရည်အဝဲသားနဲ့ လက်ပြရင်း ကျန်ခဲ့ရပါတယ်။

နောက်နေ့ကစလို့ ၃ရက်အတွင်းမှာပဲ ဒီမြို့ရဲ့ ရှေ့မီနောက်မီအဖွား၆ယောက် ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ခဲ့

ပြီး ဆရာမလေးမယဉ်ထွေးရဲ့ အဖွားလေး တော်စပ်သူဟာ ဒဏ်ရာ ဒဏ်ချက် များစွားနဲ့ဆေးရုံရောက်ခဲ့ပြီး ပြ

န်ဆင်းတော့ စစ်ကိုင်းချောင်မှာ သီလရှင်၀တ်ပြီး တရားဘာ၀နာအားထုတ်ရင်း ဘဝကိုအဆုံးသတ်ထိ နေခဲ့ပါတော့တယ်။

ပြီးပါပြီ

မူရင်းရေးသားသူအားလေးစားစွာ ခရက်ဒစ်ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)